Our Services

Trianing Visa / Tokutei Visa / Work Visa

❖ Training Visa ဆိုတာဘာလဲ?

Training Visa သည် Technical Intern Training Program (TITP) လည်းခေါ်ပြီးဂျပန်နိုင်ငံတွင် အသိပညာရယူရန်၊ အတွေ့အကြုံရရှိရန် နှင့် လက်မှုပညာ မြှင့်တင်ရန် ရည်ရွယ်သော အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဤအစီအစဉ်သည် တိုက်ရိုက်အလုပ်သင်ပေးသည့် အခြေခံပညာမှစ၍ နောက်ထပ်အဆင့် မြင့်ပညာရပ်များကိုလည်း လေ့လာနိုင်စေသည်။

Training Visa သို့လျှောက်ထားရန် လိုအပ်ချက်များ –

  • ပညာအရည်အချင်း
    – အနည်းဆုံး အခြေခံပညာအလယ်တန်းအောင်မြင်ထားသူ
  • အသက်
    – အများအားဖြင့် ၁၈နှစ်မှ ၃၅နှစ်အတွင်းဖြစ်ရမည်။
    – ယခုအခြေအနေများအရ ယောက်ျားလေး (၁၈နှစ်မှ၂၂နှစ်အတွင်း နှင့် ၃၀နှစ်နှင့်အထက်)
  • ဘာသာစကားကျွမ်းကျင်မှု
    – ဂျပန်ဘာသာအခြေခံ အနည်းဆုံး N5 Level ပြီးဆုံးထားရမည်။
  • ကျန်းမာရေးအခြေအနေ
    – ကျန်းမာရေးကောင်းမွန်ရမည်။
    – ဆေးစစ်ပြီး ဆေးလက်မှတ် ပြရမည်။
  • အလုပ်အတွေ့အကြုံ
    – အချို့သောအလုပ်အခွင့်အလမ်းများ အတွက် သက်ဆိုင်ရာလုပ်ငန်း အတွေ့အကြုံလိုအပ်သည်။
  • ကုန်ကျစရိတ်များ
    – Agency Fee $2800 + 5% Tax ကုန်ကျမည်။
❖ Tokutei Visa ဆိုတာဘာလဲ?

Tokutei Visa သည် Specified Skilled Worker Visa (ကျွမ်းကျင်အလုပ်သား ဗီဇာ) လို့ခေါ်ပါသည်။ ထို Visa သည် နိုင်ငံခြားသား အလုပ်သမား များအတွက် 2019 ခုနစ် ဧပြီ လကစပြီး ခွင့်ပြုထားသော Visa အသစ်ဖြစ်ပါသည်။ Tokutei Visa သည် ဂျပန် တွင် 5 နှစ်ကြာ အလုပ် လုပ်ကိုင်နိုင်သော Visa ဖြစ်ပါသည်။ လစာ ရရှိနိုင်မှု သည် လုပ်ငန်း အမျိုးအစား ပေါ်မူတည်၍ ယန်း18 သောင်း မှ ယန်း 25 သောင်း ၀န်းကျင် ခန့် ရရှိနိုင်သည်။ Tokutei Visa ဖြင့် လုပ်ကိုင် နိုင်သောလုပ်ငန်း (14) မျိုး ရှိပြီး သက်ဆိုင်ရာ လုပ်ငန်း အလိုက် စာမေးပွဲများ ဖြေဆိုအောင်မြင်ရမည်။ (14) မျိုးအနက် မြန်မာနိုင်ငံတွင် ဖြေဆိုနိုင်သော လုပ်ငန်းအမျိုးအစားမှာ ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း(Tokutei Kaigo)၊ စားသောက်ဆိုင်လုပ်ငန်း (Tokutei Gaishoku)၊ စိုက်ပျိုးရေးလုပ်ငန်း (Tokutei Nougyou)၊ ဟိုတယ်လုပ်ငန်း (Tokutei Hotel)ဟူ၍ (4)မျိုးဖြစ်ပါသည်။

Tokutei Visa သို့လျှောက်ထားရန် လိုအပ်ချက်များ –

  • ပညာအရည်အချင်း
    – အနည်းဆုံး အခြေခံပညာအလယ်တန်းအောင်မြင်ထားသူ
  • အသက်
    – အများအားဖြင့် ၁၈နှစ်မှ ၃၅နှစ်အတွင်းဖြစ်ရမည်။
    – ယခုအခြေအနေများအရ ယောက်ျားလေး (၁၈နှစ်မှ၂၂နှစ်အတွင်း နှင့် ၃၀နှစ်နှင့်အထက်)
  • ဘာသာစကားကျွမ်းကျင်မှု
    – သက်ဆိုင်ရာ လုပ်ငန်း အလိုက် Tokutei စာမေးပွဲ နှင့် အနည်းဆုံး JFT A2 ( သို့မဟုတ်) JLPT N4 အောင်လက်မှတ် ရှိရမည်။
  • ကျန်းမာရေးအခြေအနေ
    – ကျန်းမာရေးကောင်းမွန်ရမည်။
    – ဆေးစစ်ပြီး ဆေးလက်မှတ် ပြရမည်။
  • အလုပ်အတွေ့အကြုံ
    – အချို့သောအလုပ်အခွင့်အလမ်းများ အတွက် သက်ဆိုင်ရာလုပ်ငန်း အတွေ့အကြုံလိုအပ်သည်။
  • ကုန်ကျစရိတ်များ
    – Agency Fee $1500 + 5% Tax ကုန်ကျမည်။
❖ Work Visa ဆိုတာဘာလဲ?

Visa အမျိုးအစားတွေထဲမှာ အမြင့်ဆုံး Visa ဖြစ်ပြီး လုပ်သက်ကြာလာပါက ဂျပန်နိုင်ငံမှာ အမြဲ နေထိုင်ခွင့် လျှောက်လို့ရနိုင်သည့် အမျိုးအစားဖြစ်သည်။ မြန်မာနိုင်ငံသားများအတွက် လျှောက်ထားနိုင်သည့် လုပ်ငန်းအမျိုးအစားများမှာ များသောအားဖြင့် အင်ဂျင်နီယာ၊ ဟိုတယ် နှင့် ဘာသာပြန် လုပ်ငန်းများဖြစ်သည်။

Work Visa သို့လျှောက်ထားရန် လိုအပ်ချက်များ –

  • ပညာအရည်အချင်း
    – အစိုးရတက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရရှိပြီးသူဖြစ်ရမည်။
  • အသက်
    – လက်ရှိမှာတော့ အသက်အရွယ်ကန့်သတ်ထားခြင်းမရှိပါ။
  • ဘာသာစကားကျွမ်းကျင်မှု
    – အင်ဂျင်နီယာလုပ်ငန်းအတွက် အနည်းဆုံး N4 Level ရှိရမည်။
    – တခြားနယ်ပယ်အတွက် အနည်း JLPT/Nat-Test N2 Passed ဖြစ်ရမည်။
  • ကျန်းမာရေးအခြေအနေ
    – ကျန်းမာရေးကောင်းမွန်ရမည်။
    – ဆေးစစ်ပြီး ဆေးလက်မှတ် ပြရမည်။
  • အလုပ်အတွေ့အကြုံ
    – အချို့သောအလုပ်အခွင့်အလမ်းများ အတွက် သက်ဆိုင်ရာလုပ်ငန်း အတွေ့အကြုံလိုအပ်သည်။
  • ကုန်ကျစရိတ်များ
    – ဂျပန်ဘက်လုပ်ငန်းရှင်ပေါ်မူတည်၍ ကုန်ကျစရိတ် အနည်းအများရှိနိုင်ပါသည်။ အင်ဂျင်နီယာများအတွက် ကုန်ကျစရိတ် မပေးရသည့် Zero Cost Plan များလည်း ရှိတတ်ပါသည်။